Mobile Internet သုံးနေစဥ် Phone Call တွေကိုရှောင်မယ်
VoLTE မရတဲ့အခါမျိုးနဲ့ Dual Sim ဖုန်းတွေမှာ Secondary SIM ကနေ ဖု
VoLTE မရတဲ့အခါမျိုးနဲ့ Dual Sim ဖုန်းတွေမှာ Secondary SIM ကနေ ဖုန်းဝင်လာပြီး Mobile Internet ပြုတ်ထွက်သွားတာမျိုးကို ဂိမ်းဆော့တဲ့သူတော်တော်များများနဲ့ Mobile Data သုံးပြီးအလုပ်လုပ်ရသူ တော်တော်များများ ကြုံဖူးကြပါတယ်။
Secondary SIM ဆိုရင်တောင် ပိတ်ထားလိုက်လို့ရပေမယ့် ကိုယ် DATA သုံးနေတဲ့ SIM ကိုတော့ ပိတ်လို့မရပြန်ပါဘူး။ ဒီပြဿနာကို အလွယ်တကူဖြေရှင်းလို့ရတဲ့ နည်းလမ်းတခုကို လေ့လာကြည့်ရအောင်
လက်ရှိခေတ်ထိ Cellular Network တွေက ဘယ် Generation ဖြစ်ဖြစ် Voice call တွေရဲ့ reliability ကို အဓိကထားပါတယ်။ Stable ဖြစ်တဲ့ Voice call ကို ချိတ်ဆက်နိုင်ဖို့အတွက် Network fallback ဆိုတဲ့ standard တခုကို သုံးပြီး လက်ရှိအသုံးပြုနေတဲ့ signal ကနေ ပိုနိမ့်တဲ့ signal တွေကို လိုသလိုကူးပြောင်းဖို့ သက်မှတ်ထားတဲ့အတွက် အမြဲတမ်း longer range ဖြစ်တဲ့ lower frequency တွေကို fallback ဖြစ်တာများပါတယ်။ ဒီလိုဖြစ်တဲ့အခါမှာလဲ voice ကို priority ပေးထားတာဖြစ်လို့ Data က သုံးလို့မရသလောက်ပါဘဲ။
4G/LTE ကနေစပြီး နောက်ပိုင်း Technology တွေက Data Transmission အတွက်ပဲ အဓိကဖြစ်တာမို့ Voice Call တွေကို 3G/HSDPA ကို Fallback ဖြစ်ပြီးမှ support လုပ်နိုင်ပါတယ်။ ဒါကိုဖြေရှင်းတဲ့နည်းလမ်းကတော့ VoLTE စနစ်ကို အသုံးပြုပြီး 4G နဲ့နောက်ပိုင်း Generation တွေပေါ်မှာ Fallback မဖြစ်ဘဲ Voice Call တွေပြုလုပ်နိုင်ပါတယ်။ VoLTE စနစ်က IMS လို့ခေါ်တဲ့ IP Multimedia Subsystem ပေါ်မှာတည်ဆောက်ထားတာဖြစ်ပြီး အရင် Technology တွေလိုမဟုတ်ဘဲ Voice ကို Data packet တွေအဖြစ်ခွဲပြီး Transmit လုပ်ပေးထားတာပါ။
Android နဲ့ iOS ၂မျိုးစလုံးမှာ Call Forwarding ဆိုတဲ့စနစ်ကို အသုံးပြုလို့ရပါတယ်။ Android မှာတော့ Conditional Call Forwarding ကို အသုံးပြုလို့ရနိုင်ပေမယ့် iOS မှာတော့ ပုံမှန် Forwarding ဘဲ လုပ်လို့ရပါသေးတယ်။ Call တွေကို blacklist ထဲထည့်သလို Phone ကို Tower က လှမ်းချိတ်ပြီးမှ အလုပ်လုပ်တာမဟုတ်ဘဲ Operator ဖက်မှာ သွားသတ်မှတ်ထားတာဖြစ်လို့ Forwarding Rule ပေါ်မူတည်ပြီး Incoming Call တွေက ကိုယ့်ဖုန်းဆီကိုတောင်မရောက်နိုင်ပါဘူး။
Forwarding နဲ့ပတ်သတ်တဲ့ Configuration ကို Settings ထဲမှာ Forward လို့ရိုက်ရှာလိုက်တာနဲ့ တွေ့နိုင်ပါတယ်။ Data ပြုတ်ထွက်သွားတာမျိုးကိုရှောင်ချင်တဲ့အခါမျိုးမှာ Always Forward ကိုရွေးချယ်လို့ရပါတယ်။ ကျန်တဲ့ Conditional Forwarding တွေကိုတော့ ကိုယ့်အတွက်လိုအပ်မယ့် အခြေအနေမျိုးတွေမှာ သုံးလို့ရပါတယ်။ Operator ဖက်မှာ config လုပ်တာမို့လို့ iOS အသုံးပြုသူတွေအနေနဲ့လဲ Conditional Forwarding လုပ်ချင်တာမျိုးဆိုရင် Android ထဲ SIM ခဏထည့်ပြီး Configure လုပ်လို့ရပါတယ်။
Forwarding လုပ်တဲ့အခါမှာ Country Code ပါထည့်ပြီး Forward လုပ်သင့်ပါတယ်။ Country Code မပါရင် တချို့ Operator တွေက reject လုပ်ပါတယ်။ တကယ်လက်ခံစကားပြောလို့ရမယ့် Number ဆီကို Forward လုပ်ထားပြီး ဖုန်းလက်ခံပြောရင် Forward လုပ်တဲ့ဖုန်းက အထွက်ခေါ်ဆိုမှုအနေနဲ့ ပိုက်ဆံပေးရပါတယ်။ Package တွေရှိရင် Package ထဲကဖြတ်ပါတယ်။ ဥပမာ — ကျွန်တော့်ဖုန်းအားကုန်တော့မှာမို့ အရေးကြီးတဲ့ဖုန်းတခုလဲ လာဖို့ရှိတော့ အားမကုန်ခင်လေး သူငယ်ချင်းရဲ့ဖုန်းကို forward လုပ်ထားလိုက်မယ်ဆိုရင် ဖုန်းဝင်လာတဲ့အခါ ကျွန်တော့်ဆီကို ဖုန်းခေါ်တဲ့သူကလဲ အထွက်ခေါ်ဆိုခ ပေးရသလို ကျွန်တော့်ဆီကလဲ Forward ပြန်လုပ်ပေးရတဲ့အတွက် အထွက်ခေါ်ဆိုက ထပ်ကောက်မှာပါ။ ဒီတော့ Call ဝင်လာတာကို ရှောင်ချင်ရုံသက်သက်ဆိုရင် အလုပ်မလုပ်နေတဲ့ Number တခုခုကို ရှာထားပြီး Forward လုပ်သင့်ပါတယ်။
အရေးအကြီးဆုံးကတော့ Forward လုပ်ထားပြီးရင် ပြန်ပိတ်ဖို့မမေ့ပါနဲ့။