March 6, 2021

Jigsaw ရဲ့ Outline နဲ့ MAL ကိုမှီခိုနေတဲ့ အမြတ်များ VPN စီးပွားရေး

Jigsaw ရဲ့ Outline နဲ့ MAL ကိုမှီခိုနေတဲ့ အမြတ်များ VPN စီးပွားရေး

မြန်မာနိုင်ငံတဝှမ်းမှာ စစ်တပ်က ညွှန်ကြားထားတဲ့ Social Media Censorship လို့ခေါ်တဲ့ လူမှုကွန်ရက် ပိတ်ဆို့မှုတွေဟာ March လထဲကို ရောက်လာချိန်ထိ အသက်ဝင်နေဆဲပါ။

ပြည်သူတွေအတွက် မရှိမဖြစ် လူမှုကွန်ရက်တွေကို ပိတ်ဆို့ထားတဲ့ကြားက အသုံးပြုနိုင်ဖို့အတွက် အရင်က Technology နဲ့ပတ်သတ်ပြီး စိတ်မဝင်စားတဲ့ သူတွေအတွက်တောင် VPN ဆိုတဲ့ Network Security Technology တစ်ခုက ခေတ်စားလာပါတယ်။

နိုင်ငံနဲ့အဝှမ်း အကြပ်အတည်းတွေ ရင်ဆိုင်နေရချိန် အသက်ပေါင်းများစွာ ဆုံးရှုံးနေရချိန်မှာ တတ်နိုင်တဲ့ဖက်က ကူညီပေးနေတဲ့ ပညာရှင်အမြောက်အများရှိသလို ရတဲ့အခွင့်အရေးကို အချိန်မှီအသုံးချပြီး ဝင်ငွေရှာဖွေနေတဲ့ လူတွေလဲ ရှိနေပါတယ်။ ဒီထဲကမှ လူအများကောင်းကျိုးအတွက် Develop လုပ်ထားတဲ့ Open-Source Project တစ်ခုကို အသုံးချပြီး အရင်းအနှီးမလိုသလောက်နဲ့ အမြတ် 100% ကျော်ရှာဖွေနိုင်တဲ့ Platform တစ်ခုနဲ့ ပတ်သတ်ပြီး ကျွန်တော်ပြောသွားမှာပါ။

Facebook မှာ Sponsored အနေနဲ့ ပေါ်လာတတ်တဲ့ ကြေငြာတွေကနေတဆင့် Outline ဆိုတဲ့ VPN တစ်ခုနာမည်ကို ရင်းနှီးကြပါလိမ့်မယ်။ တကယ်တော့ Outline ဆိုတာ Jigsaw ဆိုတဲ့ Google ပိုင် Company တစ်ခုက ဦးဆောင် Develop လုပ်ထားတဲ့ Open-Source Project တစ်ခုပါ။

VPN Platform တွေတော်တော်များများထဲမှာမှ Outline ဟာ Server ပေါ်မှာ အလွယ်တကူ host လုပ်နိုင်တဲ့အပြင် သူနဲ့ Affiliate ဖြစ်တဲ့ Digital Ocean လိုနေရာများမှာ Server Deploy လုပ်ထားရင် Click နှိပ်ပြီးအလွယ်တကူ စတင်အသုံးပြုလို့ရပါတယ်။

Digital Ocean ဟာဆိုရင်လဲ Register လုပ်တဲ့ User အသစ်များကို ရက်ပေါင်း ၆၀ အတွင်းမှာ $100 ကို Free အသုံးခွင့်ပြုထားပြီး ဒီထက်ကျော်မှ ပိုက်ဆံစပေးရတာ ဖြစ်ပါတယ်။ ပိုက်ဆံ စပေးရတဲ့အခါမှာလဲ Low Tier Server အတွက်ကို ၁လမှာ $5 သာကျသင့်မှာ ဖြစ်ပါတယ်။ Tier တိုင်းမှာ Limit ရှိတဲ့အတွက် Digital Ocean မှာ စျေးနှုန်းအ‌သေးစိတ်ကို လေ့လာစေချင်ပါတယ်။

Server တစ်ခုမှာ Key ကို လိုသလောက်ထုတ်ယူနိုင်တာဖြစ်လို့ Server ရဲ့ Limit နဲ့ နိုင်သလောက်ကိုထုတ်ပေးနိုင်မှာဖြစ်ပါတယ်။

ဒီတော့ အမြတ်ဘယ်လိုများလဲဆိုတာ ကို ကျွန်တော် တွက်ပြပါမယ်။

ရက် ၆၀အတွက် free ရတာကို ထည့်မတွက်ပဲထားရင်တောင် တစ်လကို Server အတွက် $5 x 1500 = 7500 ကျပ် ရင်းရပါမယ်။ လက်ရှိ Outline ကို အသုံးပြုပြီး VPN ရောင်းဝယ်ရေးလုပ်နေတဲ့သူများဆီမှာ အနည်းဆုံး ၁လကို 2000 ကျပ်ပေးရပါတယ်။ Server တစ်ခုကနေ ၁၀ယောက်ပဲ ပြန်ရောင်းရင်တောင် 20000–7500= 12500 မြတ်ပါတယ်။ လောဘကြီးရင် ကြီးသလို Server တစ်ခုကနေ ထုတ်ရောင်းနိုင်သလို စျေးလဲပိုရောင်းကြပါတယ်။ Free ကာလအတွင်းမှာဆို အရင်းက သုညပါ။

ကိုယ်တိုင် Outline ကို Setup အသုံးပြုချင်ရင်တော့ ပထမဆုံး Digital Ocean မှာအကောင့်ဖွင့်ဖို့လိုအပ်ပြီး Visa/Master/JCB Card ရှိဖို့လိုပါတယ်။ Digital Ocean account အဆင့်သင့်ရှိပြီဆိုရင် Outline Manager ဆိုတဲ့ Software ကို PC မှာ install လုပ်ပြီး Digital Ocean ဆိုတဲ့ Option ကိုရွေးတဲ့အခါ Digital Ocean အကောင့်နဲ့ ပထမဆုံးအနေနဲ့ ချိတ်ခိုင်းပါလိမ့်မယ်။ ဒီနောက်မှာတော့ ကျန်တာတွေကို Step တခုခြင်း စာဖတ်ပြီးလုပ်သွားနိုင်ပါတယ်။ YouTube မှ Tutorial Video တွေကိုလဲ ရှာကြည့်နိုင်ပါတယ်။ Outline Manager ရဲ့ User Interface က အရမ်းကို ရိုးရှင်းတဲ့အတွက် Technical Knowledge အနည်းငယ်ရှိယုံနဲ့ Setup ကို အလွယ်တကူလုပ်နိုင်မှာပါ။

အခြေအနေ အချိန်အခါပေါ်မှာ Open-Source Platform တခုကို အသုံးပြုပြီး မြေနိမ့်ရာလှံစိုက် လုပ်နေသူများကို ခံပြင်းမိသောကြောင့်သာ ဒီ article ကိုရေးခြင်းဖြစ်ပြီး မည်သူတဦးတယောက်ကိုမှ Personal တိုက်ခိုက်လိုခြင်းမရှိပါ။ တိုက်ဆိုင်သွားရင် အဆင်မပြေသူ ပြည်သူအချင်းချင်းကူညီသောအားဖြင့် လူသားဆန်ပေးပါ။

DMCA.com Protection Status